"လောင်းလုံး"

လောင်းလုံမြို့နယ်သည် တောင်ကုန်း၊ချိုင့်ဝှမ်းများအတွင်း မြစ်ချောင်းများ ဖြတ်သန်းစီးဆင်းလျှက် မြေညီမြေပြန့် နဲပါးရာ ဒေသတစ်ခု ဖြစ်ပါသည်။ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် မြန်မာ့ ပင်လယ်ပြင်နှင့် မြောက်ဘက်တွင်‌ ရေဖြူမြို့နယ်တို့နှင် ထိစပ်လျှက်ရှိသည်။ ထားဝယ်မြစ်မှာ လောင်းလုံနှင့် ထားဝယ်ကြား မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပြီး မြို့နယ်နှစ်ခု၏ နယ်နိမိတ်သတ်မှတ်ရာ မည်ပါသည်။ စက်လှေ၊သင်္ဘောများ သွားလာနိုင်သောကြောင့် အရေးပါသော မြစ်တစ်စင်း ဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ (၁၅၀) ပေအထက်တွင်ရှိပြီး အမြင့်ဆုံးတောင်မှာ မြင့်မိုလက်ခပ်တောင် (၂၂၉၈၀) ပေ ဖြစ်သည်။ တောမိုးတောင်၊ ရန်ကင်းတောင်၊ ကြည့်မျှော်တောင်တို့မှာလည်း ထင်ရှားသည်။ ပူနွေးစွပ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၉.၀) ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ လောင်းလုံမြို့နယ်ကို ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၄၁)စုနှင့် ကျေးရွာပေါင်း (၁၁၀) ရွာဖြင့် ဖွဲ့စည်းထားပြီး ဧရိယာစတုရန်းမိုင် (၃၅၅.၉၂) မိုင် ကျယ်ဝန်းကာ လူဦးရေ (၁၄၀၀၀၀) ကျော် နေထိုင်ကြပါသည်။ ကုန်းလမ်း ရေလမ်းများ ဆုံရာတွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။ စပါး၊ရာဘာနှင့် ရေထွက်ပစ္စည်းများမှာ မြို့နယ်၏ အဓိကထွက်ကုန်ဖြစ်ပါသည်။

Attractions in လောင်းလုံး