"မိုင်းရှူး"

၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၇.၇.၁၉၇၂ ရက်စွဲပါ စာဖြင့် မိုင်းရှူးမြို့နယ်အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖွဲ့စည်းခဲ့ပါသည်။ မိုင်းရှူးမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၂ မိုင်၊ တောင်မှမြောက်သို့ ၃၁ မိုင် ရှည်လျားပြီး ၆၅၃.၂၃၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ပန်ယန်းမြို့နယ် မော်ဖဒေသ၊ တောင်ဘက်တွင် မိုင်းစံမြို့နှင့် ကွန်ဟိန်းမြို့နယ်၊ အနောက်ဘက်တွင် ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ မြောက်ဘက်တွင် တန့်ယန်းမြို့နယ်တို့ တည်ရှိပါသည်။ မိုင်းရှူးမြို့နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးပါသည်။ တောင်တန်းအများစုမှာ မြောက်မှတောင်သို့ သွယ်တန်းလျှက်ရှိသည်။ မိုင်းရှူးမြို့နယ်သည် မြစ်ချောင်းများ နည်းပါးပြီး မြစ်ချောင်းအများစုသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် အနောက်ဘက်တွင် နမ့်ပန်ချောင်းတို့သည် မြောက်မှတောင်သို့ လည်းကောင်း၊ မြို့၏အလယ်တွင် နမ့်ငချောင်းသည် အရှေ့မှအနောက်သို့လည်းကောင်း စီးဆင်းလျှက်ရှိသည်။ မိုင်းရှူးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၂၃၀၉ ပေ အထက်တွင် တည်ရှိပါသည်။ မိုင်းရှူးမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၀˚C ဖြစ်သည်။ မိုင်းရှူးမြို့နယ်ကို မိုင်းစံမြို့အပါ ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၁၇ စု၊ ကျေးရွာပေါင်း ၁၇၆ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၆၉၀၀၀ ကျော် နေထိုင်ပါသည်။ မိုင်းရှူးမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး အဓိကထွက်ကုန်မှာ လက်ဖက်ခြောက်၊ မြေပဲ၊ အစေ့ထုတ်ပြောင်းတို့ ဖြစ်ပါသည်။ မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာမှ ဟိုက်ပါရေတံခွန်သည် အရှေ့တောင်အာရှတွင် အလှဆုံးရေတံခွန်ဖြစ်ပါသည်။

Attractions in မိုင်းရှူး