"ရန်ကင်း"

ရန်ကင်းမြို့နယ်၏ မူလအခြေခံမှာ ကံဘဲ့မြို့မဖြစ်ပါသည်။ ကံဘဲမြို့မသည် စစ်မဖြစ်မီကာလက ရန်ကုန်မြူနီစီပယ် နယ်နိမိတ် အပြင်ဘက်တွင် တည်ရှိပြီး အင်းစိန်ခရိုင်တွင် ပါဝင်ပါသည်။ ရန်ကင်းမြို့နယ်တွင် ရပ်ကွက် ၁၅ ခုပါဝင်ပြီး လူဦးရေပေါင်း ၆၆၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၁.၉၄၂၁ မိုင်၊ တောင်မှမြောက်သို့ ၀.၉၄၂၁ မိုင် ရှည်လျားပြီး ၁.၉၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် တောင်ဥက္ကလာပ မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဘက်တွင် တာမွေမြို့နယ်၊ အနောက်ဘက်တွင် မရမ်းကုန်းနှင့် ဗဟန်းမြို့နယ်၊ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်တို့ တည်ရှိပါသည်။ ကျီးတောချောင်း၊ ဆည်မြောင်းချောင်း၊ ခုနှစ်ပင်လိမ်ချောင်းတို့သည် အနောက်မှအရှေ့သို့ စီးဆင်းလျှက်ရှိကြသည်။ အဆိုပါချောင်းများသည် အကျယ် ၁၅ပေမှ ၂၀ပေခန့်သာ ကျယ်ဝန်းသည့် ရေချိုချောင်းများဖြစ်ပြီး နွေရာသီတွင် ရေအနက် ၁ ပေခန့်သာ ရှိပါသည်။ ရန်ကင်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၈၀ ပေအထက်တွင် တည်ရှိပါသည်။ ရန်ကင်းမြို့နယ်တွင် မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂.၂˚C ဖြစ်သည်။ ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၅ ခုအနက် အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) ရပ်ကွက်တို့သည် အိုးအိမ်ဦးစီးဌာနပိုင် တိုက်တန်းလျားများနှင့် အိမ်ရာများဖြစ်ပြီး အမှတ် (၇)၊ (၈)၊ (၁၄)၊ (၁၅) နှင့် (၁၆) တို့သည် လုံးချင်း အိမ်ရာများဖြစ်၍ အမှတ် (၉)၊ (၁၁)၊ (၁၂)နှင့် (၁၃) ရပ်ကွက်တို့သည် သာမန်လက်လုပ်လက်စားအများစု နေထိုင်ကြပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဘောက်ထော်ရပ်ကွက်သည် ရန်ကင်းမြို့နယ်တွင် ပါဝင်ပါသည်။ ရန်ကင်းမိုးကောင်း စေတီသည် ရန်ကုန်မြို့အတွင်း ထင်ရှားသော စေတီများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

Attractions in ရန်ကင်း