"လပွတ္တာ"

လပွတ္တာမြို့နယ်၏ အရှေ့ဘက်တွင် ဘိုကလေးမြို့နယ်၊တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ငပုတောမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိ ပါသည်။

လပွတ္တာမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အလျှောက် မြစ်ချောင်းများပေါများပြီး မြို့နယ်၏ မြောက်ဘက်ပိုင်းတွင် အမြင့်ပေ ၅၀ အောက် တောင်ကုန်းအနည်းငယ်ရှိသည်မှအပ ကျန်ဒေသအားလုံးသည် မြေပြန့်ဒေသများအားလုံးဖြစ်ပါသည်။

လပွတ္တာမြို့နယ်တွင် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့် မြစ်ချောင်းများမှာ သက္ကယ်သောင်မြစ်၊ ရွေးမြစ်၊ ပြန့်မလော့မြစ်၊ ဧရာဝတီမြစ်တို့သည် တောင်မှ မြောက်သို့ စီးဆင်းလျက်ရှိပါသည်။ အဆိုပါမြစ်များသည် သင်္ဘော/စက်လှေများသွားလာနိုင်သော မြစ်များဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

လပွတ္တာမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ လပွတ်ဟူသောစကားမှာ မွန်ဘာသာ လပတ်ပုဒ် ပျက်ဖြစ်၍ မြစ်နှစ်သွယ်ကို ဆက်သွယ် ထားသော ရေကျော်ဟု အဓိပ္ပာယ်ရပါသည်။ မွန်ဘာသာ "တာ" ဟူသောစကားမှာ မြန်မာလို "ထန်း"ဖြစ်သည်။ ၁၉၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့စွဲပါ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၃၁၅အရ လပွတ္တာမြို့ကို မြောင်းမြမြို့နယ်မှ ထုတ်၍ လပွတ္တာမြို့နယ်ဟု သတ်မှတ်ခဲ့သည်။ ၁၉၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက် အခွန်တော်ဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁၂၇အရ (နောင်အခါ သတိုးသီဟသုဓမ္မဗာနီဗယ်ဟု သိမြင်သော) မြောင်းမြအရေးပိုင်မစ္စတာ ဂျေအက်စ်ဗာနီဗယ် လက်ထက်တွင် လပွတ္တာရွာကို လပွတ္တာမြို့ဟု ကြော်ငြာသည်။ မြို့တည်စက လပွတ္တာမြို့၏ အကျယ်အဝန်းမှာ ၁၀.၉ စတုရန်းမိုင်ရှိပြီး လပွတ္တာမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၅.၇.၁၂၉၇၂)ရက်စွဲပါစာဖြင့် . ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၀ အုပ်စု၊ ကျေးရွာငယ် ၃၅၃ ရွာဖြင့် သတ်မှတ်ပေးခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီး ဌာန၏(၁.၄.၂၀၀၄)ရက်စွဲပါစာအမှတ်၊၁၀၀/၂၄-၅၂/ဦး ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ လပွတ္တာမြို့နယ်နှင့် ပြင်စလူမြို့နယ်ခွဲဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လပွတ္တာမြို့နယ်တွင် ရပ်ကွက်(၉) ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ ကျေးရွာ(၂၅၅)ရွာ၊ ပြင်စလူမြို့နယ်ခွဲတွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၆)အုပ်စု၊ ကျေးရွာ(၁၄၀)ရွာဖြင့် ဖွဲ့စည်းခဲ့သဖြင့် လပွတ္တာမြို့နယ်တွင် မြို့နယ်(၁)ခု၊ မြို့နယ်ခွဲ(၁)ခု၊ မြို့(၂)မြို့၊ ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၀)အုပ်စု၊ ကျေးရွာခွဲ(၃၉၅)ရွာ ပါဝင်ခဲ့ပါသည်။ (၂.၅.၂၀၀၈) ရက်စွဲပါအမိန့်ကြော်ငြာစာအရ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်အား မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းလိုက်ရာ လပွတ္တာခရိုင် တွင် လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲတို့ ပါဝင်ပါသည်။ လပွတ္တာခရိုင်ဖွဲ့စည်းခြင်းကြောင့် လပွတ္တာမြို့နယ်တွင် မြို့နယ်(၁)ခု၊ မြို့နယ်ခွဲ(၂)ခု၊ မြို့(၃)မြို့၊ ရပ်ကွက်(၁၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၈)အုပ်စုတို့ဖြင့် ပြင်ဆင်သတ်မှတ်ပေးခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈.၁၂၀၁၁)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃-၃၀၉/ဦး ၁ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ လပွတ္တာမြို့နယ်တွင် မြို့နယ်(၁)ခု၊ မြို့နယ်ခွဲ(၂)ခု၊ မြို့(၃)မြို့၊ ရပ်ကွက် (၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၉)အုပ်စု၊ ကျေးရွာခွဲ(၆၅၇)ရွာဖြင့် ပြန်လည်ပြင်ဆင်သတ်မှတ်ပေးခဲ့ ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၉.၉.၂၀၁၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာ(၁၁၂)ရွာနှင့် လပွတ္တာမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု(၁၆)အုပ်စုနှင့် ကျေးရွာခွဲ(၆၂)ရွာအား ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သို့ ထည့်သွင်းဖွဲ့စည်းလိုက်ပြီး လပွတ္တာမြို့နယ် အား မြို့နယ်(၁)ခု၊ မြို့နယ်ခွဲ(၁)ခု၊ မြို့ (၂)မြို့၊ ရပ်ကွက်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၁)အုပ်စု၊ ကျေးရွာခွဲ(၄၈၃)ရွာဖြင့် ပြင်ဆင်သတ်မှတ်ပေးခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏(၂၄.၁၂.၂၀၁၁) ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃ -၃၀၄/ဦး ၁ ဖြင့် ပြင်အလန်း ကျေးရွာအုပ်စုအား ပိုးလောင်းကျေးရွာ အုပ်စုနှင့် သစ်ပုတ်ကျေးရွာအုပ်စုအဖြစ်လည်းကောင်း၊(၂.၄.၂၀၁၃)ရက်စွဲပါစာအမှတ်၊၂၀၀/၂၃-၃၀၇/ ဦး ၁ဖြင့် ကညင်ကိုင်းကျေးရွာအုပ်စုအားလည်းကောင်း၊(၉.၄.၂၀၁၃)ရက်စွဲပါစာအမှတ်၊၂၀၀/၂၃-၁၄/ ဦး၁ ဖြင့် သပြေချောင်းကျေးရွာအုပ်စုအားလည်းကောင်း၊ (၁.၃.၂၀၁၆)ရက်စွဲပါစာအမှတ်၊ ပထရ/ဖ (၅၉၅)/ရေး ၁ ဖြင့် ရပ်ကွက်(၄)ခုပါဝင်သော လပွတ္တာ(၃)မိုင်မြို့အားလည်းကောင်း၊ (၂.၉.၂၀၁၇) ရက်စွဲပါ စာအမှတ်၊ ပထရ/ဖ(၁၉၂၄)/ ရေး ၁ ဖြင့် ကျေးရွာအုပ်စု(၁)အုပ်စုနှင့် ကျေးရွာ(၁၅)ရွာအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်သဖြင့် ယခုအခါ လပွတ္တာမြို့နယ်တွင် မြို့နယ်(၁)ခု၊ မြို့(၃)မြို့၊ ရပ်ကွက် (၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စု၊ ကျေးရွာ(၅၀၅)ရွာတို့ဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခု ဖြစ်ပါသည်။

Attractions in လပွတ္တာ