ဖားအောက်တောရဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ

Listing Description

ဖား‌အောက်တောရဆရာ‌တော် ဘဒ္ဒန္တအာစိဏ္ဏ သည် မြန်မာသက္ကရာဇ် ၁၂၉၆-ခုနှစ် ပထမဝါဆိုလဆန်း (၁၄)ရက်၊ ခရစ်နှစ် ၁၉၃၄ ဇွန်လ (၂၄)ရက် တနင်္ဂနွေနေ့ နံနက် (၈)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ၌ အဖ ဦးပြူး၊ အမိ ဒေါ်စောတင် တို့မှ မွေးဖွားခဲ့သည်။ စတုတ္ထမြောက် သားဖြစ်ပြီး ငယ်မည်မှာ မောင်အောင်သန်း ဖြစ်သည်။

မောင်အောင်သန်း (၆)နှစ် အရွယ်တွင် ဂျပန်ခေတ်နှင့်ကြုံသောကြောင့် အတန်းကျောင်းမတက်ရသဖြင့် မိဘများက လိပ်ချောင်းရွာ စလင်းကျောင်းဆရာတော် ဦးသောဏထံ အပ်နှံခဲ့သည်။ အသက် (၉)နှစ် ၁၃၀၆-ခုနှစ် ကဆုန်လဆန်း (၁၁)ရက်နေ့တွင် လိပ်ချောင်းကျေးရွာ စလင်းကျောင်းဆရာတော် ဦးသောဏမထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ ၁၃၁၂-ခုနှစ် နယုန်လ မှ ၁၃၁၄-ခု နယုန်လအထိ ဟင်္သာတမြို့ တာ(၅၀)ရပ် ရေကြည်တိုက်သစ်တွင် ဆရာတော်ဦးမဟိန္ဒ၊ ဆရာတော် ဦးပဏ္ဍဝံသ၊ ဆရာတော် ဦးပညာဝန္တတို့ထံ၌ ပရိယတ္တိပညာများကို ဆည်းပူးခဲ့သည်။ ၁၃၁၃-ခုနှစ်တွင် ပထမငယ်တန်း၊ ၁၃၁၄-ခုနှစ်တွင် ပထမလတ်တန်းတို့ကို အောင်မြင်ခဲ့သည်။

၁၃၁၄-ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် အောင်မင်္ဂလာသိဒ္ဓိတိုက်ဆရာတော် ဦးဥတ္တမထံတွင် (၃)လတာမျှ ဆန်း-အလင်္ကာ၊ အထက်ယမိုက်ကျမ်းများ၊ ရူပသိဒ္ဓိကျမ်းများကို သင်ယူခဲ့သည်။ ၁၃၁၄-ခုနှစ် သီတင်းကျွတ်လတွင် မန္တလေးမြို့ မစိုးရိမ်တိုက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဝံသ ထံ၌ ပဋ္ဌာန်းကျမ်းကို သင်ယူခဲ့သည်။ ဝိနယဆရာတော်ဘုရားကြီးထံ၌ အထက်ယမိုက်ကျမ်းများကိုလည်းကောင်း၊ ပါဠိဆရာတော်ဘုရားကြီးထံ၌ အလင်္ကာကျမ်းတို့ကိုလည်းကောင်း သင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်တွင် ပထမကြီးတန်းကို အောင်မြင်ခဲ့သည်။

၁၃၁၆-ခုနှစ်၊ ကဆုန်လဆန်း (၈) ရက်နေ့တွင် ရေကြည်မြို့ဂိုဏ်းချုပ်ဆရာတော် မင်္ဂလာဆရာတော်ဘုရားကြီး ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ဟင်္သာတမြို့၊ တာ (၅၀)ရပ် ရေကြည်တိုက်သစ်ခဏ္ဍသိမ်တော်၌ ရဟန်းအဖြစ်ကို ရရှိသည်။ ဟင်္သာတမြို့၊ ငါးမျက်နှာဘုရားကြီး၌ နေထိုင်ကြသော ဦးစံချိန်-ဒေါ်အေးတင် မိသားစုတို့က ပစ္စယဒါယကာအဖြစ် ခံယူကြသည်။ ၁၃၁၆-ခုနှစ်တွင် မန္တလေးမြို့၊ တောင်ပြင်ရပ်၊ မြင်းဝန်တိုက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မြင်းဝန်တိုက် ပတ္တမြားဆရာတော် ဦးဥက္ကံသ၊ ဘုရားကြီးတိုက် အမရပူရဆရာတော် ဦးဥက္ကံသ၊ ဘုရားကြီးတိုက် ဆရာတော် ဦးအရိယ၊ ဘုရားကြီးတိုက် ဆရာတော် ဦးကုမာရ (ယခု ဗန်းမော်ဆရာတော်)၊ ဘုရားကြီးတိုက် ဆရာတော် ဦးပညာဇောတ၊ တောင်ထီးလင်းတိုက် ဆရာတော် ဦးသူရိယ၊ တောင်ထီးလင်းတိုက် ဆရာတော် ဦးပုညာနန္ဒတို့ထံ၌ ဘေဒစိန္တာ၊ အဋ္ဌသာလိနီအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊ သမန္တပါသာဒိကအဋ္ဌကထာ စသည့် စာဝါများကို သင်ယူခဲ့သည်။ ၁၃၁၈-ခုနှစ်တွင် ဥက္ကံမြို့၊ ဘုရားကြီးတိုက်မှ ဝင်ရောက်ဖြေဆိုရာ သာသနဓဇသီရိပဝရဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။

၁၃၂၆-ခုနှစ်တွင် မဟာစည်သာသနာ့ရိပ်သာ၌ စတင်၍ မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆရာတော် ဦးပဏ္ဍိတ(ယခု ရွှေတောင်ကုန်းဆရာတော်ဘုရား)တို့ထံတွင် ကမ္မဋ္ဌာန်းတရားများကို သင်ယူကာ အားထုတ်ခဲ့သည်။ ၁၃၂၆-ခုနှစ်၊ ရဟန်းဆယ်ဝါ အရတွင် စတင်၍ တောရဆောက်တည်ခဲ့၏။ ကသစ်ဝိုင်ဆရာတော်ဘုရားထံတွင်လည်း (၁၀)ရက် တရားအားဘာဝနာများ အားထုတ်ခဲ့သည်။ ၁၃၂၈-ခုနှစ်တွင် ဓာတ်ကမ္မဋ္ဌာန်း သင်ကြားပြသသော သန်လျင်ဆရာတော်ဘုရားထံ၌ (၆)လခွဲကြာ တရားဘာဝနာများကို အားထုတ်ခဲ့သည်။

၁၃၂၉-ခုနှစ်တွင် အာနာပါနဿတိကမ္မဋ္ဌာန်း သင်ကြားပြသပေးသော မုံရွာမြို့နယ် အထက်ချင်းတွင်း ကန်နီမြို့ရွှေသိမ်တော်တောရ ဆရာတော်ဘုရားကြီးထံတွင် (၃)လခွဲမျှ တရားဘာဝနာများကို ပွားများအားထုတ်ခဲ့သည်။ ၁၃၂၆-ခုနှစ်မှ စ၍ တောရဆောက်တည်ရာ သထုံမြို့၊ နေမိန္ဒရတောင်အနီး တောင်ဝိုင်းကြီးတောရတွင် (၁)ဝါ၊ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာ စိတ္တသုခတောရကျောင်းတွင် (၃)ဝါ၊ ရေးမြို့နယ်၊ အစင်ကျေးရွာ အစင်တောရကျောင်းတွင် (၁၃)ဝါ အသီးသီး သီတင်းသုံးနေထိုင်ခဲ့ပြီး ၁၃၄၃-ခုနှစ် (၁၉၈၁-ခုနှစ်)တွင် ဖားအောက်တောရသို့ ရောက်ရှိသီတင်းသုံးခဲ့ရာ ယခုတိုင်ဖြစ်လေသည်။

၁၃၅၇-ခုနှစ်တွင် နိုင်ငံတော်မှ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၀-ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၂၀၁၇ ခုနှစ် မေလ ၂၁ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ထိုင်းဘုရင် ချူလာလောင်ကွန်းတည်ထောင်သော Mahachulalongkornrajavidyalaya University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို ဝိပဿနာကမ္မဋ္ဌာန်း အထူးပြုဖြင့် ဆပ်ကပ်ခဲ့သည်။[၃] ၂၀၁၈ ခုနှစ် မတ်လ ၁၇ရက် ဟင်္သာတမြို့တွင်ကျင်းပသော ဂုလဝိသိဋ္ဌပူဇာမဟာမင်္ဂလာအခမ်းအနားတွင် နိုင်ငံတော်မှ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တော်ကို ဆက်ကပ်ခဲ့သည်။

ရေးသားထားသောစာအုပ်များ

ကိုးကွယ်အားထားရာဟူသည်(၁)

ကိုးကွယ်အားထားရာဟူသည်(၂)

စန်းလအသွင်ဖြစ်စေချင်သည်

စိတ္တသံယုတ်

စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး ဒုအကြိမ်

စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး

ထာဝရငြိမ်းချမ်းရေးသို့

ဓမ္မစကြာနှင့်ဝိပဿနာတရားတော်

နားလည်နိုင်ခြင်း၏စွမ်းအား

နိဗ္ဗာနဂါမိနိပဋိပဒါ (၁)

နိဗ္ဗာနဂါမိနိပဋိပဒါ (၂)

နိဗ္ဗာနဂါမိနိပဋိပဒါ (၃)

နိဗ္ဗာနဂါမိနိပဋိပဒါ (၄)

နိဗ္ဗာနဂါမိနိပဋိပဒါ (၅)

နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း

ဖားအောက်တောရ သမိုင်း

ဖားအောက်တောရဝတ်ရွတ်စဉ် တတိယအကြိမ်

ဖားအောက်တောရဝတ်ရွတ်စဉ်

ကြာပန်းနှင့် ပမာတူသည့် ဘုရားရှင်

မမုန်းပါစေနှင့်

မွန်မြတ်သောဦးတည်ချက်မပျက်ပါစေနှင့်

မှတ်သားလိုက်နာ ဝိနယကထာ

လူ့ရွာထင်ရှားနတ်တမန်တော်များ နှင့် လူမိုက်တို့ဆုံဆည်းရာ

လူမွဲတို့၏ထွက်ရပ်လမ်း

သံအိမ်စံမင်းသား

သာသနာ့အမွေကိုခံယူခြင်း

သူတော်ကောင်းတို့၏အလှူ

အညှီအဟောက်ဆိုသည်မှာ

အတွဲ(၁)သမထကမဋ္ဌာန်းပိုင်း (က)

အတွဲ(၂)သမထကမဋ္ဌာန်းပိုင်း (ခ)

အတွဲ(၃)ရုပ်ကမ္မဋ္ဌာန်းပိုင်း

အတွဲ(၄)နာမ်ကမ္မဋ္ဌာန်းပိုင်း

အတွဲ(၅)ပဋိစ္စသမုပ္ပါဒ်ပိုင်း(က)

အတွဲ(၆)ပဋိစ္စသမုပ္ပါဒ်ပိုင်း(ခ)

အတွဲ(၇)ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်း

အတွဲ(၈)လက္ခဏာဒိစတုက္ကပိုင်း

အတွဲ(၉)ဝိပဿနာကမ္မဋ္ဌာန်းပိုင်း

အဘယ်ကိုပေးလှူရမှာလဲ

အမြိုက်နိဗ္ဗာန်သို့ပို့ဆောင်ပေးသည့်စွမ်းအားကြီး(၇)ရပ် ၂၀၁၃

အမြိုက်နိဗ္ဗာန်သို့ပို့ဆောင်ပေးသည့်စွမ်းအားကြီး(၇)ရပ်

အလှူမြစ်တား သုံးပါးအန္တရာယ်

အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း

အာနာပါနကျင့်စဉ်မှဝိပဿနာသို့

အမေးလေးထွေ အဖြေလေးရပ်

အလောင်းတော်တို့တောထွက်တော်မူကြပြီ

တောကိုတော့ရှင်းလင်းပါ သစ်ပင်ကိုတော့မခုတ်လှဲပါနှင့်

ထေရဝံသ တရားဒေသနာတော်

မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်

ရေဥပမာရှိသူများ နှင့် လူတွေဘာလုပ်နေကြတာလဲ

လောကကို သုညဆိုက်အောင်သာကြည့်ပါ

သေရာညောင်စောင်းလျောင်းသောအခါ