တေးရေးတေးဆို ဂီတပညာရှင် စန္ဒရား ချစ်ဆွေကို ၁၂၉၇ ခု နယုန်လ (၁၉၃၅ ဇွန်)နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ အဖ စန္ဒရားဆရာ ဦးဘလှိုင်၊ အမိ ဒေါ်ကျင်စိန်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။
ဂီတဆရာများမှာ ဖခင် ဦးဘလှိုင်၊ ဟင်္သာတမြို့ ငွေတိုက်ဝန်ထောက် ဦးစု၊ စောင်း၊ စန္ဒရားဆရာကြီး ဦးထွန်းဖေ၊ စန္ဒရားညွန့်လှိုင်နှင့် စစ်ကိုင်းလှရွှေတို့ ဖြစ်သည်။ ၁၀-နှစ်သားအရွယ်တွင် ဖခင်နှင့်အတူ ရုပ်ရှင်ရုံတွင် စန္ဒရားတီးခတ်ခဲ့သည်။ ၁၉၄၉-ခုနှစ် အသက် ၁၄-နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကာ မစ္စတာဘင်ဟုတ်နှင့် ခတ္တရာအေးတို့ထံတွင် ဂီတအနုပညာကို ဆည်းပူးခဲ့သည်။
ထို့နောက် ဝင်းဝင်းပြဇာတ်ရုံတွင် ဂီတပညာရှင် ရွှေပြည်အေး၏ ကွတ်ကဲမှုအောက်၌ စန္ဒရားကို ပထမဆုံး တီးခတ်ခဲ့သည်။ ဆက်လက်၍ စန္ဒရားဆရာ ဂီတာညွန့်ခေါ် ဦးဘညွန့်နှင့် စန္ဒရား စစ်ကိုင်းလှရွှေတို့ထံတွင် ရုပ်ရှင်နှင့် ပတ်သက်သော ဂီတပညာရပ်များကို ဆည်းပူးခဲ့ပြီး သွင်၊ ဘုရင့်ရုံ၊ Ritz (ရဲရင့်)၊ ရီဂျင့် (ရှေ့ဆောင်)၊ ဂျမား၊ လွင်လွင်၊ မော် ရုပ်ရှင်ရုံများတွင် စန္ဒရားတီးခတ်ခဲ့သည်။
ဥဩဘသောင်၊ သထုံဘသိန်း၊ ပဲရော့ဘသန်းလေး၊ ကိုသန်းဖေ၊ ကိုစောလှိုင်၊ တေးလုလင်ရဲနောင်၊ ကိုသန်းတင်၊ ကိုနီ၊ စိန်ပါတီ၊ ဟင်္သာကြည်၊ ဒေါ်နု၊ ဒဂုန်ခင်၊ ခင်ခင်ညွန့်၊ ရွှေမြိုင်ကြည် စသည့် ဂီတအနုပညာရှင်များနှင့် တွဲဖက်လုပ်ကိုင်ခဲ့၍ ဂီတပညာရပ်များကို လေ့လာသင်ကြားခွင့် ရခဲ့သည်။
ချိုတေးရှင်၊ လေလှိုင်းသံ၊ တေးဗိမာန် တူရိယာအဖွဲ့များတွင် စန္ဒရားတီးခတ်ခဲ့သည်။
၂၀၀၅ ခုနှစ်၌ ကွယ်လွန်ခဲ့သည်။
ရေးသား သီဆိုခဲ့သော သီချင်းများ
အင်းယား အမှာတော်ပုံ
ခက်ခက်ကိုမှ လိုချင်တယ်
စိတ်တိုင်းကျဖြစ်ရစေမယ်
ချစ်အား ငယ်ရသူမယ်
ချစ်သူ ဝေးဝေး မသွားပါနဲ့လား
မေတ္တာအသဲလေးများ
မေတ္တာနုနု စေလိုသူ
မေတ္တာနုနု စေလာရင်
မုန်းဆက်ဆက်မရွယ်
မုန်းစိတ်မရည်ရွယ်
ချစ်ရင်လဲ ပြုံးပါကွယ်
ကြယ်ပွင့်ကလေးများ မချစ်ဝံ့ပြီ
ချစ်သံသယစိတ် ဝင်မိတယ်
တကမ္ဘာခြားလဲ ချစ်နေမယ်
ဗေဒါရဲ့ ဗေဒါလမ်း
သဇင်နှစ်ခက်ပြိုင်
မွှေးလွန်းသည့် ပန်း
သံသရာခရီးသည်
မေ့ကွက်ကို ရှာ
ချစ်အရိပ်
အမုန်းခွန်အား ပေးသနားပါ
တချစ်ရှာရှာ
မေတ္တာစေကျွန်
တိမ်တမန်
မိုး
ခရေပင်အောက်က ပိတောက်ချစ်သူ
အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်မယ်
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ
ပုံပမာ
ချစ်လိုလျက်နဲ့ ဝေး
ချစ်ရသည်က အသက်ထက်ဆုံး
တူတူညီညီ ရီရီပြုံးပြုံး
စိန်ပန်းပြာနဲ့ ဝေးသူရယ်
ဒီမွေးနေ့မင်္ဂလာ
ငြင်းပယ်မှာပဲ စိုးမိတယ်
ပြန်လည်ဆုံတွေ့ကြမယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ
အိပ်မပျော်သော ညများ
ပိတောက်လမ်း