မြသပိတ်စေတီ

Listing Description

မြသပိတ်စေတီတော်သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကေလာသတောင် ကေလာသဆံတော်ရှင်စေတီအနီး မြသပိတ်တောင်ပေါ်တွင် တည်ရှိပါသည်။ မြတ်စွာဘုရား၏ မြသပိတ်တော်ကို ဌာပနာ၍ တည်ထားသောကြောင့် မြသပိတ်စေတီတော်ဟု ဘွဲ့အမည်တွင်ကြောင်း သိရသည်။ ထီးတော်မှာ တမူထူးခြားစွာ သံထီး၊ ကြေးထီး မဟုတ်ဘဲ အင်္ဂတေဖြင့် ပုံဖော်သွန်းလောင်းထားသည့် ကွန်ကရစ်ထီးတော်တင်လှူ ပူဇော်ထားခြင်း ဖြစ်ပါသည်။ စေတီတော်၏ ဉာဏ်တော်မှာ ၁၁၁ တောင်ရှိပြီး မွန်ပြည်နယ်အတွင်း ဉာဏ်တော်အမြင့်ဆုံး စေတီလည်း ဖြစ်ပါသည်။