ကေလာသဆံတော်ရှင်

Listing Description

ကေလာသဆံတော်ရှင်သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံသို့ မြတ်စွာဘုရားနှင့် ရဟန္တာ ၅၀၀ အတူ ကြွတော်မူလာပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာ တောင်ကြီးရွာရှိ ယခုကေလာသတောင် ခေါ် တိုက်ကုလားတောင်၊ ဒိုးခလွန်တောင်တွင် ဆံတော်ခြောက်ဆူချီးမြှင့်ပေးအပ်ခဲ့ရာ ထိုဆံတော်ခြောက်ဆူထဲမှ ကျိုက်ထီးရိုးစေတီတော်သို့ ဆံတော် ၃ ဆူ၊ ဇွဲကပင်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ဇင်းကျိုက်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ကေလာသစေတီတော်သို့ ဆံတော် ၁ ဆူ ဌာပနာထားရှိပါသည်။