ကျောက်ထပ်ကြီးစေတီတော်

Listing Description

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်၏မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာတွင် တည်ရှိပါသည်။ ပေနှစ်ဆယ်ခန့်ကျယ်သော ကျောက်ဖျာကြီး နှစ်ချပ်ပေါ်တွင် စေတီနှစ်ဆူ တည်ထားခြင်းဖြစ်ပါသည်။ သမိုင်းရာဇဝင်အရ ရဟန္တာနှစ်ပါးက တည်ထားပူဇော်ခဲ့သည်ဟု သိရပါသည်။ စေတီရင်ပြင်တော်သို့ တက်ရောက်ရန် လှေကားမရှိဘဲ စေတီတော်ကို တောင်မကြီး၏ ကျောက်စွန်းတစ်ခုနှင့် ကိုက်တစ်ရာခန့်ရှိသော ကြိမ်ကြိုးတစ်ချောင်းဖြင့် သွယ်တန်းထားသည်။ ထူးခြားချက်အနေဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်လိုသူများသည် ရွှေဆိုင်းများကို ကြိုးဝိဇ္ဇာထံသို့ပေးပို့ပြီး ကြိုးဝိဇ္ဇာက ယင်းကြိမ်ကြိုးတစ်ချောင်းတည်းပေါ်တွင် ကြိုးကိုလက်နှစ်ဖက်ဖြင့်လွှဲကာ စေတီတော်ရင်ပြင်သို့အရောက်သွားပြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပေးပါသည်။