တပ်မဲရုံတချို့ မဲရေတွက်ပြီးစီး

08-Nov-2020

ဒီကနေ့ ရွေးကောက်ပွဲ အတွက် ဇေယျာသီရိ မြို့နယ်က တပ်မဲရုံတချို့မှာ မဲတွေ ရေတွက် ပြီးစီးသွားပြီလို့ အဲဒီမြို့နယ်မှာ သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ မဲရုံ စုစုပေါင်း ၁၂ ရုံ ရှိရာမှာ တချို့ကို ရေတွက်ပြီးစီးခဲ့တာဖြစ်ပါတယ်။

ရေတွက်ပြီးစီးသလောက် တပ်မဲရုံ အများစုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP က အသာရနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ပါတီကလည်း ထောက်ခံမဲ အနည်းငယ် ရတာတွေ့တယ်လို့ သူက ပြောပါတယ်။

ဘီဘီစီက ရရှိထားတဲ့ အတည်ပြု မဲစာရင်းအရ မဲရုံ အမှတ် ၈ မှာ USDP ပါတီဥက္ကဋ္ဌဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဌေးက မဲရုံကိုလာထည့်တဲ့ မဲလက်မှတ်နဲ့ ကြိုတင်မဲ ပေါင်းရင် ၂၃၇ မဲ ရရှိပြီး NLD ကိုယ်စားလှယ်လောင်း ဒေါက်တာ မိုးဆွေက စုစုပေါင်း ၃ မဲ ရရှိပါတယ်။

ဓာတ်ပုံ-အောင်သူရ (ဘီဘီစီမြန်မာပိုင်း)

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။