ရွှေမျက်မှန်ဘုရား

Listing Description

ရွှေမျက်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ပဲခူးတိုင်းအနောက်ပိုင်း၊ ရွှေတောင်မြို့တွင် ကိန်းဝပ်စံပယ်လျက်ရှိသော သမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရွှေမျက်မှန် တပ်ဆင်ပူဇော်ထားသော တစ်ဆူတည်းသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါသည်။ ဉာဏ်တော် အတောင် ၂၀ ခန့် မြင့်ပြီး မဟာ သက္ကရာဇ် ၂၅၀ ခုနှစ်တွင် သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး စတင်တည်ထားကိုးကွယ်စဉ်က မျက်မှန်မပါရှိဘဲ ဒွတ္တဘောင်မင်းတရားကြီး နတ်မျက်စိကွယ်ချိန်တွင် နတ်မျက်စိအလင်းရောင်ပြန်ရရန် ရုပ်ပွားတော်မြတ်ကြီး၏ မျက်လုံးပုံသဏ္ဌာန်နှင့်တူညီသည့် မှန်သားတစ်စုံကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်များသည် ရုပ်ပွားတော်ကြီး၏မျက်မှန်တော်ကို ပြုပြင်လှူဒါန်းခဲ့ကြသည်။ ယခုလက်ရှိ မျက်မှန်တော်ကြီးမှာ ရွှေတောင်မြို့နယ်ပိုင် ဝန်ထောက် မစ္စတာ ဟတ်တနိုးနှင့်ဇနီးတို့က လှူဒါန်းပူဇော်ထားခဲ့ပါသည်။ မျက်မှန်တော်ကြီးမှာ တစ်ဖက်မှတစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီနရှိပြီး အလျား ၂၂ လက်မ ရှိသည်။