ရွှေဘိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်အမှတ် (၁၁/ ၂၀၂၀)

Listing Description

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ရွှေဘိုမြို့

အမိန့်အမှတ် ( ၁၁/ ၂၀၂၀ )

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ရက်)

၁။      ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကံသာကုန်းကျေးရွာတွင် (၂၂-၉-၂၀၂၀) ရက်နေ့တွင် COVID-19 အတည်ပြုလူနာ (၁) ဦး၊ (၂၅-၉-၂၀၂၀) ရက်နေ့တွင် အတည်ပြုလူနာနှင့် ဆက်စပ်လူနာ (၅) ဦး ထပ်မံတွေ့ရှိခဲ့ပါသည်။

၂။       အတည်ပြုလူနာများနှင့် ဆက်စပ်သူများ (၂၀) ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကံသာကုန်း ကျေးရွာအလယ်တန်းကျောင်းတွင် Community Based Facility Quarantine (CBFQ)ထားရှိပြီး ဖြစ်ပါသည်။

၃။      ကံသာကုန်းကျေးရွာ အလယ်တန်းကျောင်းတွင်ထားရှိသည့် Community Based Facility Quarantine (CBFQ) မှ Contact Person များ ထပ်မံရှိလာနိုင်၍ ကံသာကုန်းကျေးရွာအား အသွားအလာကန့်သတ်မှုကို (၂၈-၉-၂၀၂၀)ရက်နေ့မှ (၁၁-၁၀-၂၀၂၀)ရက်နေ့အထိ (၁၄)ရက်လိုက်နာ နေထိုင်ကြရန် ထုတ်ပြန်ကြေညာလိုက်သည်။

၄။      ကံသာကုန်းကျေးရွာတွင်နေထိုင်ကြသည့် ကျေးရွာသူ/ ကျေးရွာသားများသည် အောက်ပါ အချက်များကို လိုက်နာရမည်-

(က) နေအိမ်မှ ကျန်းမာရေးအရ မဖြစ်မနေထွက်ခွာရမည်ဆိုပါက လူနာ(၁)ဦး၊ လူနာအကူ(၁)ဦး၊ ယာဉ်မောင်း(၁)ဦး၊ စုစုပေါင်း(၃)ဦးသာထွက်ခွာရန်၊

         (ခ) နာရေးကိစ္စရှိပါကကျန်းမာရေးဌာန၏ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်၊

(ဂ) အထက်(က)၊ (ခ)ပါအခြေအနေများရှိပါက ကံသာကုန်းကျေးရွာ ရွာခွဲတာဝန်ခံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရှိ တာဝန်ခံတို့၏ ခွင့်ပြုချက်ဖြင့်သွားလာရန်၊

(ဃ) ကျေးရွာအတွင်း မဖြစ်မနေဈေးဝယ်ရန်အတွက် ဈေးဆိုင်သို့ တစ်အိမ်လျှင်(၁)ဦးသာ သွားရောက်ရန်၊ ( င) နေအိမ်မှပြင်ပသို့သွားလျှင် ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ရန်၊

(စ) အခြားကျေးရွာများသို့ ဈေးရောင်း၊ ဈေးဝယ်ခြင်းများ သွားရောက်ဆောင်ရွက်ခြင်းမပြုရန်၊

၅။      ဤကြေညာချက်အား လိုက်နာခြင်းမရှိဘဲဖောက်ဖျက်ကျူးလွန်ပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။

၆။ ဤကြေညာချက်သည် (၂၈-၉-၂၀၂၀)ရက်နေ့ နံနက်(၀၆၀၀)အချိန်မှ စတင်သက်ရောက်သည်။

 

( သောင်းဟိန်း၊ ပ/ ၃၇၃၈ )

အုပ်ချုပ်ရေးမှူး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ရွှေဘိုမြို့

စာအမှတ်၊ ၅/ ၄၃ - ၃၃၃ (၁၆၇၅)/ ဦး ၆

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်