တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့၏ ဓာတ်အားခွဲရုံများနှင့် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

Listing Description

ရန်ကုန် နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့၏ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံများနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ တွံတေးမြို့နယ် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံကမ္ပည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကော့မှူးမြို့နယ် ညောင်ကုန်း ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ် အပါအဝင် တောင်ပိုင်းခရိုင်တွင် ဓာတ်အားခွဲရုံ ခုနစ်ရုံ တည်ဆောက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သို့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၂၂၀၅ ရွာအနက် ကျေးရွာ ၁၈၅၀ မီးလင်းခဲ့ပြီး ၃၅၅ ရွာသာကျန်ရှိတော့ကြောင်း၊ ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ်တွင် စီမံဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကျေးလက်နေပြည်သူအားလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခွင့်ပြုငွေကျပ် ၈၄၁ ဒသမ ၃၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ၂/ သုည ဒသမ ၅၁ မိုင် ၁၂ ပေရှိ ကော့မှူးမြို့နယ် အိုးဘို - ကျုံဖာ- ချောင်းဝ ကျေးရွာချင်းဆက် ကွန်ကရစ် လမ်း၊ ခွင့်ပြုငွေကျပ် ၆၀၅ သန်းဖြင့် ဆောင်ရွက် ခဲ့သည့် ၁/၂ မိုင်ရှိ ရေကျော် - အိုးဘို ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းနှင့် ခွင့်ပြုငွေကျပ် ၉၁၉ ဒသမ ၁၂၅ သန်း ဖြင့် ဆောင်ရွက်ခဲ့သည့် ၂/၂ မိုင် ၁၂ ပေရှိတွံတေးမြို့နယ် တမာကော ခလောက်ချိုက် -မငေး -အလယ်ရွာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ကမ္ပည်းကျောက်စာ မော်ကွန်းများအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ဓာတ်အားခွဲရုံများနှင့် ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)