ကုန်းစွန်းဆံတော်ကြိုဘုရား

Listing Description

ကျိုက်မွန်ထိုရ်ဆံတော်ကြိုစေတီတော် (ခ) လက်ခိုက်ဘုရားမြောက်ဘက် ၁ မိုင်ခန့်အကွာ ကော့မှူးမြို့တွင် တည်ရှိသည်။ ကုန်းစွန်းဆံတော်ကြိုစေတီကို “ကျိုက်ကော့မှူးဘုရား”ဟုလည်း လူသိများသည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူကို ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က ရပ်နားရာနေရာများ၌ တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ ကျိုက်ကော့မှူးဆံတော်ကြိုစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။