သျှာရီကာလီမယ်တော်ဘုရားကျောင်း

Listing Description

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်၊ အမှတ် (၂၉၅) တွင် တည်ရှိသည်။ ဘုရားကျောင်းကို အိန္ဒိယမှ ပြောင်းရွှေ့နေထိုင်လာခဲ့သော တမီးလ် လူမျိုးများက ၁၈၇၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဘုရားကျောင်း၏ အမိုးတွင်လည်း ဟိန္ဒူဘုရားများစွာ၏ ရုပ်တုများကို ဆေးရောင်စုံထွင်းထုထားရှိသည်။ ယခုအခါ ဘုရားကျောင်းအဆောက်အအုံကို ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ထားသည်။