မဂိုဗလီ

Listing Description

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း (၃၀) ထောင့်တွင် တည်ရှိသည်။ ရှီယာမွတ်ဆလင်များ ဝတ်ပြုဆုတောင်းသည့် ဗလီဖြစ်ပြီး မဂိုသျှီအဟ်ဂျာမေမဇ်ဂျစ်(ဒ်)ဗလီဟုလည်း ခေါ်တွင်သည်။ ၁၈၅၄ ခုနှစ်တွင် ကျွန်းသားဗလီအဖြစ် တည်ရှိရာမှ ယခုလက်ရှိဗလီကြီးကို အီရန်မျိုးနွယ်ဖွား မဂိုလူမျိုးနွယ်စုများက ၁၉၁၄ ခုနှစ်တွင် အုတ်မြစ်ချ၍ တည်ဆောက်ခဲ့ရာ ၁၉၁၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အစိုးရက ဤမဂိုဗလီကြီးကို သမိုင်းဝင်ရှေးဟောင်းအထိမ်းအမှတ်လက်ရာ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။