သမဝါယမကောလိပ် (ဖောင်ကြီး)

Listing Description

သမဝါယမကောလိပ်(ဖောင်ကြီး)သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးတွင် တည်ရှိပါသည်။ ၁၉၆၃ခု ဖေဖော်ဝါရီလတွင် ကမ္ဘာအေးစေတီတော် ပရဝုဏ်အတွင်းရှိ သမဝါယမအာရုံခံ တန်ဆောင်း၌ တိုင်းနှင့်ပြည်နယ်အဆင့်ရှိ သမဝါယမအရာရှိကြီးများ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြင့် ဗဟိုသမဝါယမကောလိပ် ဖြစ်လာမည့် ဗဟိုသမဝါယမသင်တန်းကျောင်း၏ သမိုင်းကို အစပြုခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ခြောက်မိုင်ခွဲ၌ နေရာတိုးချဲ့၍ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် သင်တန်းအားလုံး ခြောက်မိုင်ခွဲသို့‌ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်ဒီဇင်ဘာတွင် ခြောက်မိုင်ခွဲမှ လှည်းကူးမြို့နယ်၊ ဖောင်ကြီးသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် ဖောင်ကြီး၌ သမဝါယမအခြေခံစီမံခန့်ခွဲမှုသင်တန်း စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ဗဟိုသမဝါယမကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်တွင် သမဝါယမကောလိပ်၊ ဖောင်ကြီး အဖြစ်အမည်ပြောင်းခဲ့ပါသည်။

ပေးအပ်သည့်ဒီပလိုမာများ

(၁) ဒေသဆိုင်ရာဖွံ့ဖြိုးမှု ဒီပလိုမာ (Diploma in Regional Development) (Dip.RD)

(၂) စီးပွားရေးစာရင်းကိုင်ဒီပလိုမာ (Diploma in Business Accounting) (Dip.BA) 

(၃) အသုံးချစာရင်းအင်း ဒီပလိုမာ (Diploma in Applied Statistics) (Dip.AS)

(၄) စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှု ဒီပလိုမာ (Diploma in Marketing Management) (Dip.MM) 

(၅) လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ဒီပလိုမာ (Diploma in Social Enterprise Management) (Dip.SEM)