စစ်ပင်ကုန်းဆံတော်ကြိုဘုရား (ကျိုက်ဒေးကနောင်)

Listing Description

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့အဝင် တော်ပုလွဲရပ်ကွက်ရှိ ဒေးတနောရွာတွင် တည်ရှိသောကြောင့် ဒေးတနော်ဘုရားအဖြစ် လူသိများသည်။ ဖိနပ်တော်အတောင် ၈၀ ခန့်ရှိစေတီ တစ်ဆူဖြစ်သည်။ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ပင့်ဆောင်ခဲ့သော ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဆံတော် ၈ ဆူသည် ဒလတောကြီးတန်း (ယခု ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်) တစ်လျှောက် ပင့်ဆောင်ခဲ့စဉ်က တည်ထားကိုးကွယ်ခဲ့သော ဆံတော်ကြိုစေတီ ၉ ဆူရှိခဲ့ရာ စစ်ပင်ကုန်းအရပ်၌ ရပ်နားအပူဇော်ခံရာနေရာတွင် အများပြည်သူစုပေါင်း၍ “စစ်ပင်ကုန်းဆံတော်ကြိုစေတီ” ကိုတည်ထားကိုးကွယ်ခဲ့ကြသည်။ စေတီတော်၏ ဘွဲ့အမည်ကို “ကျိုက်ဒေးကနောင်” ဟူ၍လည်း ခေါ်တွင်ကြသည်။