မဟာတိလောကမှန်ကူသွန်းဘုရားကြီး

Listing Description

မဟာတိလောကမှန်ကူသွန်းဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့၊ ကံကြီးပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် တည်ရှိသည်။ မြို့ပိုင် ဦးလူကလေးမှ ဦးဆောင်၍ အများပြည်သူများစုပေါင်းလှူဒါန်းမှုဖြင့် မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်(ခရစ်သက္ကရာဇ် ၁၉၁၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်) နေ့တွင် ပန္နက်တော်ချ၍ စတင်တည်ထားခဲ့ရာ ၁၂၆၈ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက် (၁၉၀၆ ခုနှစ် ဇူလိုင်လ ၈ ရက်) နေ့တွင် အောင်မြင်စွာ သွန်းလောင်းပြီးစီးခဲ့ပါသည်။ ရုပ်ပွားတော်မြတ်ကြီးအား သွန်းလုပ်ရာတွင် အများပြည်သူများလှူဒါန်းခဲ့ကြသော ကြေးပိဿာချိန် ၃၇၅၀ ပိဿာ ၂၇ ကျပ် ၅ မူးသား အသုံးပြုခဲ့ပြီး ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ဓမ္မစက်မှစ၍ အမြင့် ၁၂ ပေ ၅ လက်မ ရှိပါသည်။ ဘုရားကြီး၏ အရှေ့ဘက်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ပင်ဆောင်လာသော ဗောဓိပင်ကို စိုက်ပျိုးပူဇော်ထားပါသည်။