ကိုင်ဇာ

Listing Description

အဆိုတော် ကိုင်ဇာကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့၌ မွေးဖွားသည်။

ရခိုင် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ ရော့ခ် သီချင်းများမှာ လူကြီးရော လူငယ်များပါ နှစ်သက်ခဲ့ကြသည်။ သူ၏ သီချင်းရေး ဆရာများမှာ စောဘွဲ့မှူး၊ နိုင်မြန်မာ ၊ စိုးလွင်လွင် ၊ မောင်မော်ဈာန် ၊ သုခမိန်လှိုင် တို့ဖြစ်ပြီး သူ၏ ကျော်ကြားသောသီချင်းများကိုရေးသူမှာ နိုင်မြန်မာ နှင့် စောဘွဲ့မှူးတို.ဖြစ်ကြသည်။ ကိုင်ဇာ သည် အောင်မြင်သော သီချင်း ရေးသူလည်း ဖြစ်ပြီး မေဆွိ၊မေခလာ တို့ နှင့် စုံတွဲသီဆိုခဲ့သော သီချင်းများမှာ အောင်မြင်ခဲ့သည်။