ပရေကြေတိုရေတံခွန်

Listing Description

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့မှ ၃ မိုင်ခန့်ကွာဝေးသော ပရေကြေထကျေးရွာတွင် တည်ရှိသည်။ ကျောက်ထပ် ၈ ဆင့်ရှိ တောင်ကုန်း၊ တောင်တန်း များကြားမှ အေးမြကြည်လင်နေသာ ရေများဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကရင်ပြည်နယ်အတွင်းရှိ ထင်ရှားသော ရေတံခွန်တစ်ခုဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိပြီး  မိသားစုများ၊ အပေါင်းအဖော် သူငယ်ချင်းများနှင့် စုပေါင်းလာရောက်  အပန်းဖြေရေကစားသူများဖြင့် စည်ကားလျက်ရှိသော ရေတံခွန်တစ်ခုဖြစ်သည်။