ဂေါ်ရင်ဂျီကျွန်း

Listing Description

ဂေါ်ရင်ဂျီကျွန်းသည် သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး။ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာတွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ ပုသိမ်-မော်တင်ကာလမ်းမှ ငရုပ်ကောင်းမြို့နယ်ခွဲသို့  ၅ နာရီခန့် ကားဖြင့်သွားရပြီး ငရုပ်ကောင်းမြို့မှ ၁၇ မိုင်ခန့်ကွာဝေးပါသည်။ ကျွန်းပေါ်တွင် မြဝတီဘုရားတစ်ဆူရှိပြီး ကျွန်းနှင့် တစ်ဆက်တည်းဖြစ်သော လိပ်ချိုင်သို့သွားရောက်ကာ ကြည်လဲ့နေသော စိမ်းပြာရောင်ရေများနှင့် သန္တာကျောက်တန်းများ၊ ရေတိုက်စားမှုကြောင့် သဘာဝအတိုင်း တည်ရှိနေသည့် ကျောက်ဆောင်များကို ကြည့်ရှု့ခံစားနိုင်ပါသည်။ သွားရေးလာရေး၊ လမ်းခရီး ပင်ပန်းသော်လည်း ခရီးသွား ဝါသနာပါသူများ၊ သဘာဝကို ချစ်မြတ်နိုးသူများအတွက် ဆွဲဆောင်မှုရှိသော ကမ်းခြေတစ်ခုဖြစ်သောကြောင့် သွားရောက်လည်ပတ်သင့်ပါသည်။