ပတ်ထရစ်ရှာ

Listing Description

သရုပ်ဆောင်၊ မော်ဒယ် ပတ်ထရစ်ရှာကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ အမည်ရင်း မဝင်းသင်ဇာသော် ဖြစ်သည်။ သရုပ်ဆောင် မြတ်ကေသီအောင်နှင့် တူမတော်စပ်သည်။ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းနှင့် Myanmar International School (MIS) တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။

၁၀ တန်းအောင်ပြီးနောက် မော်ဒယ်အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပထမဆုံးဇာတ်ကား "မကြွေပါနဲ့ ဆာကူရာ"  ကို အောင်ရဲလင်းနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ပထမဆုံး ရုံတင်ကား ပဲခူးဆားနှင့် သူ၏ဗိုင်းရပ်စ်များ မှာ ၂၀၁၆ ခုနှစ်တွင် ရုံတင်ခဲ့သည်။ လက်ရှိအချိန်ထိ ဗီဒီယိုဇာတ်ကားပေါင်း ၃၀ ကျော် ပါဝင်သရုပ်ဆောင်ထားသည်။

ရုပ်ရှင်ဇာတ်ကားများ

မကြွေပါနဲ့ ဆာကူရာ

ပဲခူးဆားနှင့် သူ၏ဗိုင်းရပ်စ်များ

ရာဇဝင်ရိုင်းသူများ

ဇွတ်ကျား

ရောင်ပြန်

တစ္ဆေများနှင့် ပျော်မြူးခြင်း

ကောင်းကင်တစ်ခုအလိုရှိသည်