ကျော်စိုး (၁၉၁၀-၁၉၃၀)

Listing Description

မြန်မာ့ရုပ်ရှင်လောကမှ ပထမဆုံး စတန့်မင်းသား ဖြစ်သည်။ စတန့်မင်းသား ကျော်စိုးကို ဆရာကြီး ပီမိုးနင်းနှင့် ဒေါ်စိန်တင့်တို့က ၁၉၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်းလေးဦးအနက် အကြီးဆုံးသား ဖြစ်ပြီး အမည်ရင်းမှာ ဘမောင် ဖြစ်သည်။ စိန်‌ပေါ​​​အထက်တန်း‌ကျောင်းတွင် ၅-တန်း အောင်သည်အထိ ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်စကားပြော အလွန်ကောင်းသည်။ ကျောင်းအမည်မှာ ဗစ်တာမိုးနင်း ဖြစ်သည်။

ဗန္ဓုလရုပ်ရှင်မှ ချစ်တဲ့သူရယ် ဇာတ်ကားကို ဒါရိုက်တာ ပီမိုးနင်းရိုက်ကူးသောအခါ မင်းသားမှာ သူ၏ သားဖြစ်သူ ဘမောင် ဖြစ်လာသည်။

၁၉၂၉ ခုနှစ်တွင် ဗြိတိသျှဘားမား ရုပ်ရှင်က စတန့်ခန်း အများစု ပါဝင်သော တကိုယ်တော် ဇာတ်ကားကို ရုပ်ရှင် ရိုက်ကူးရန် စီစဉ်သည်။ ဘမောင်ကိုပင် မင်းသားအဖြစ် ရွေးချယ်ပြီး ကျော်စိုးဟု အမည်ပေးခဲ့သည်။ ဗြိတိသျှဘားမား ရုပ်ရှင်က ဤတကိုယ်တော် ဇာတ်ကားတွင် ဘမောင် (ခေါ်) ကျော်စိုး၏ အစွမ်းသတ္တိကို အံဝင်ခွင်ကျ ထည့်သွင်းရိုက်ကူးခဲ့သည်။

တစ်ကိုယ်တော် ဇာတ်ကား လူကြိုက်များ၍ စတန့်ကားတစ်ကား ဆက်လက် ရိုက်ကူးကြရန် စီစဉ်ကြတော့သည်။ ၁၉၃၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျော်စိုး၊ ခင်စန်းနှင့် လူကြမ်းချစ်တင်တို့ ပါဝင်သည့် ၁၀−နာရီ ဇာတ်ကားကို စတင် ရိုက်ကူးခဲ့သည်။

၁၀−နာရီ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း ၂၈ မတ် ၁၉၃၀တွင် မင်းသားကျော်စိုး ရုတ်တရက်ကွယ်လွန်ခဲ့သည်။