ဖိုးဦးတောင်စေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုအတွင်း တည်ရှိသည့် သမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ပါသည်။ စေတီတော်ကို အဇ္ဇိက၊ ဘလ္လိက ကုန်သည်ညီနောင်မှ စတင်တည်ထားခဲ့သည်ဟု သိရပါသည်။ ဆင်ဖြူရှင်မင်းက သက္ကရာဇ် ၁၁၃၆ ခုနှစ်တွင် မူလစေတီကိုငုံ၍ ပြန်လည်တည်ထားကိုးကွယ်ခဲ့ပါသည်။ ထို့နောက် အလှူရှင်များက ၂၀၀၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဧပြီလ ၂၉ ရက်တွင် တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင်တစ်ကြိမ် ထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်တို့အား လှူဒါန်းခဲ့ပါသည်။ စေတီတော်ရင်ပြင်မှ ဧရာဝတီမြစ်၏ ရှုခင်းအလှကို ကောင်းစွာတွေ့မြင်နိုင်ပါသည်။