မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား

Listing Description

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နှင့် လာအို ပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ လွန်နသမ်ပြည်နယ်၊ လောင်းခရိုင်၊ ဇင်းကုတ်မြို့နယ်တို့အား ဆက်သွယ်တည်ဆောက်ထားသည့် နယ်စပ်ဖြတ်ကျော် တံတားတစ်စင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် ပြီးစီးကာ ၂၀၁၅ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအမျိုးအစားမှာ သံမဏိသံဘောင်အမျိုးအစား၊ တံတားအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် ၁ ဒသမ ၂ မီတာ၊ အမြင့် ၁၀ မီတာ၊ တံတားခံနိုင်ဝန် မှာ(၇၅) တန်ဖြစ်ပြီး တံတားအရှည် ၂၂၆၉ ဒသမ ၂၇ပေ ရှိကာ မြန်မာနိုင်ငံမှ အရှည် ၃၆၀ မီတာ တည်ဆောက်ခဲ့ပြီး လာအိုနိုင်ငံမှ အရှည် ၃၃၁ဒသမ၆ မီတာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။