လွယ်ယွန်းခမ်းစေတီတော်

Listing Description

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆွတ်ဆိုင်ကျေးရွာတောင်ပေါ်တွင် တည်ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်ဓာတ် ဌာပနာ၍ တည်ထားကိုးကွယ်ထားသော ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူ ဖြစ်ပါသည်။ စေတီတော်သည် ၂၀၁၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သဖြင့် မိုင်းဖုန်းဆရာတော်ကြီး ဦးဆောင်၍ အများပြည်သူကောင်းမှုဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မူလစေတီအားငုံ၍ ဉာဏ်တော် ၁၀၈ ပေရှိ စေတီတော်အဖြစ် ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော် ပရိဝုဏ်အတွင်း တောင်စောင့်ဘီလူးညီနောင်ရုပ်တုနှင့် ဌာပနာတိုက်ကို မြင်တွေ့ရသည့် ဂူပေါက်ကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးများကိုလည်း ထူးခြားစွာ တွေ့မြင်ရသည်။