မင်းမွေးတောင်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မြောက်ဘက်တွင် တည်ရှိပါသည်။ အမြင့် ၇၉၂ ပေရှိပြီး သမိုင်းရာဇဝင်များအဆိုအရ ဆင်အပေါင်းကို အောင်နိုင်သော ဥတေနနတ်မင်း မွေးဖွားသန့်စင်ရာ တောင်ဖြစ်သည်ဟု ဆိုပါသည်။ ကျောက်ဆည်မြို့၌ နှစ်စဉ်နှစ်တိုင်း ကျင်းပသော ဆင်ပွဲတော်တွင် ပါဝင်သော ဆင်များမှာ ဤမင်းမွေးတောင်ရှိ ဥတေနနတ်နန်းကို လာရောက်ဦးခိုက်ကြသည်သာမက ကျောက်ဆည်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသော သက်ရှိဆင်များသည်လည်း ဤတောင်ကို လာရောက်ဦးခိုက်ကြသည်ဟု သိရပါသည်။ တောင်ထိပ်တွင်လည်း သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သော ဆုတောင်းပြည့်စေတီတော်ကို ဖူးမြော်နိုင်ပါသည်။