မင်းကင်းမြို့ရှိ ကိုလိုနီခေတ်ဟောင်းလက်ဖက်ရည်ဆိုင်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဖောင်တောင်ဦးဘုရားသွားလမ်းတွင် တည်ရှိသည်။ ထိုလက်ဖက်ရည်ဆိုင်ကို ၁၉၃၀ ခုနှစ်တွင် ဦးစံညိန်းဆိုသူက စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်၏ အမည် “မြန်မာသင်္ဂဟ” ဆိုင်းဘုတ်ကိုလည်း ထိုခေတ်လက်ရာအတိုင်း ယခုတိုင် ထိန်းသိမ်းထားသည်။ ဆိုင်ဖွင့်ထားသည့် အိမ်မှာ ၁၉၃၀ ခုနှစ်က ဆောက်လုပ်ခဲ့သော အိမ်ပင်ဖြစ်ပြီး လက်ရှိဆိုင်ရှင်မှာလည်း ဦးစံညိန်း၏ လေးဆက်မြောက်မိသားစုဝင်ပင်ဖြစ်သည်။ ဆိုင်ထဲ၌ လွတ်လပ်ရေးကြိုးပမ်းစဉ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု တို့၏လှုပ်ရှားမှု သတင်းဓာတ်ပုံများ၊ ဖဆပလခေတ်ပုံများ၊ ရန်ကုန် တိုင်းပြုပြည်ပြု လွှတ်တော်ပုံများ၊ ဂျူဗလီဟောပုံရိပ်များ၊ ပြည်တော်သာ ညီလာခံ ပုံရိပ်များ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန်လာစဉ် ပြည်သူက ကြိုဆိုနေပုံ၊ သီပေါမင်း၊ စုဖုရားလတ် ပုံများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်သွားဓာတ်ပုံများ၊ ထိုခေတ်က နာမည်ကြီးခဲ့သော ဓာတ်ရှင် မင်းသား၊ မင်းသမီးပုံများဖြင့်  ထိုခေတ်ကာလ၏အငွေ့အသက်များ ခံစားနိုင်သည့် ဖီလင်မျိုးရစေရန် ဆိုင်အပြင်အဆင်က ဖမ်းစားထားသည်။