မှော်ယောကြီးဆင်စခန်း

Listing Description

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အိုင်ဒုံကြိုးဝိုင်း အကွက် အမှတ်(၁၃)၊ မှော်ယောကြီးချောင်းနှင့် မှော်ယောလေးချောင်းကြားတွင် တည်ရှိပါသည်။ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅)မိုင် (၄)ဖာလုံမှ ဝင်ရောက်နိုင်ပါသည်။ အဆိုပါဆင်စခန်းကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ၁၆၀၀ ဧကခန့် ကျယ်ဝန်းပါသည်။ ဆင်စခန်းသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအနေဖြင့် ဆင်စီးနိုင်ခြင်း၊ ဆင်လိမ္မာများ၏ သရုပ်ပြကွက်များကြည့်ရှုနိုင်ခြင်း၊ ဆင်များနှင့်အနီးကပ်အစာကျွေးခြင်းများ ပြုလုပ်နိုင်ပါသည်။