လိပ်ကျရေတံခွန်

Listing Description

လိပ်ကျရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းအနီး၊ လိပ်ကျကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ကြီးမားကျယ်ပြန့်သော စမ်းရေပြာအိုင်ကြီးနှင့် တောင်အထပ်ထပ်ဝန်းရံထားသော အလွန်သာယာလှပသည့် ရေတံခွန်ကြီးတစ်ခုဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သဘာဝအတိုင်းတည်ရှိနေသော ရေတံခွန်ကြီးတစ်ခုဖြစ်ပြီး ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ တောင်တောင်သစ်ပင်များ အုံဆိုင်းနေပြီး လူအရောက်ပေါက် နည်းပါးခြင်းတို့ကြောင့် မထင်ရှားခဲ့သော်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာသဖြင့် ယခုအခါ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသော ရေတံခွန်ကြီးဖြစ်ပါသည်။