ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)

Listing Description

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ မတူပီ - ပလက်ဝ လမ်းပေါ်တွင် တည်ရှိပြီး ကုလားတန်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည်။ ၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးစီးခဲ့သည်။ ပင်မတံတားအရှည် ၅၉၂ မီတာ (၁၉၄၂ ပေ) နှင့် အကျယ် ၇ ဒသမ ၅ မီတာ၊ ဘေးတစ်ဖက်စီတွင် လူသွားလမ်း တစ်မီတာစီပါရှိကာ သံကူကွန်ကရစ်ဘိုးပိုင်အမျိုးအစား၊ တံတားအောက်ထည် သံကူကွန်ကရစ်နှင့် တံတားအပေါ်ပိုင်း သံမဏိသံပေါင်၊ သံကူ ကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်သည်။ တံတားရေလမ်းကင်းလွတ် အကျယ် ၁၁၅ ဒသမ ၄ မီတာနှင့် ရေလမ်းကင်းလွတ် အမြင့် ၁၅ မီတာ ဖြစ်သည်။