ခင်မြဇင်

Listing Description

စာရေးဆရာမ ခင်မြဇင်ကို မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် အဖ ဦးမြခင် အမိ ဒေါ်လှသောင်းတို့မှ ၁၉၅၆ ခုနှစ် မေလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်း ဒေါ်ဌေးဌေးမြင့် ဖြစ်သည်။ ၁၉၇၄-၇၅ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၌ 'တနပ်စာ' ဝတ္ထုတို၊ ၁၉၇၈ ဇွန်လထုတ် မိုးဝေ စာပေ မဂ္ဂဇင်း၌ 'အမေ ဆရာမ' ဝတ္ထုတိုများ ရေးသားခဲ့သည်။ ဝတ္ထုတို စာရေးဆရာမ အဖြစ် ပို၍ ထင်ရှားသည်။ အခြား စာရေးဆရာမများနှင့် တွဲလျက် ဝတ္ထုတို၊ ဝတ္ထုလတ် စာအုပ်များ ထုတ်ဝေခဲ့သည်။ လုံးချင်း နှစ်အုပ် ထွက်ခဲ့ပြီး ဖြစ်သည်။ တက္ကသိုလ် အနုပညာ အသင်း ပန်းချီခန်းမကို အခြေခံသည် ကံ့ကော်ရွာ ပန်းချီ အုပ်စုဝင် ဖြစ်ပြီး အချို့ပွဲများတွင် ပါဝင်ပြသခဲ့သည်။ ဝန်ထမ်းအဖြစ် ၂၄ နှစ် လုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါ အလုပ်မှ နုတ်ထွက်ကာ အိမ်ရှင်မ ဘဝတွင် နေထိုင်ပြီး စာရေးခြင်း၊ ပန်းချီဆွဲခြင်းများ လုပ်ကိုင်လျက် ရှိသည်။