မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ရှိ စေတီလှသုဿန်အဝင်တွင် တည်ရှိပါသည်။ ၁၈၈၆ ခုနှစ်အတွင်း စလင်းနယ်ထဲတွင် နယ်ချဲ့အင်္ဂလိပ်များနှင့် မြန်မာမျိုးချစ်တော်လှန် ရေးသမားတို့ တိုက်ပွဲများဖြစ်ပွားရာတွင် တိုက်ပွဲတွင်းကျဆုံးသော တပ်မှူးကြီး Major RF Atkimsom နှင့် အင်္ဂလိပ်စစ်ဗိုလ်များကို မြှုပ်နှံခဲ့သော သမိုင်းဝင် အင်္ဂလိပ်သင်္ချိုင်းတစ်ခု ဖြစ်ပါသည်။ အမှတ်အသားကျောက်ချပ် ၁၈ ချပ်စိုက်ထူထားပြီး အင်္ဂလိပ်တပ်မှူးကြီး Major RF Atkimsom ၏ အမှတ်အသား ကျောက်ချပ်မှာ အရွယ်အစားအကြီးဆုံးဖြစ်ပါသည်။