မဟာမြတ်မုနိဘုရား (မိုင်းပွန်)

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ဥယျာဉ်ကျောင်းတိုက်တွင် တည်ရှိပါသည်။ မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်ထီးက လှူဒါန်းခဲ့ပါသည်။ သက္ကရာဇ် ၁၂၆၄ ခုနှစ်တွင် မန္တလေးမြို့၌ ကြေးပိဿာချိန်ပေါင်း ၄၁၈၀ ဖြင့် စတင်သွန်းလုပ်ခဲ့ပြီး သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် ပြီးစီးခဲ့ကာ မိုင်းပွန်မြို့သို့ ပင့်ဆောင်ခဲ့ပါသည်။