ဗန်ဟရဲရိုးရာအိမ်

Listing Description

ဟားခါးမြို့၊ ကိုက်စိရပ်ကွက်တွင် တည်ရှိပါသည်။ ချင်းပြည်နယ်ရှိ လိုင်လူမျိုးစုတို့၏ ရိုးရာနေအိမ်ဖြစ်ပါသည်။ ယင်းရိုးရာအိမ်၏ ထူးခြားချက်မှာ အဆောက်အဦး ဆောက်လုပ်ရာတွင် သံချောင်း တစ်ချောင်းမျှပင် အသုံးမပြုဘဲ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ အဆိုပါ နေအိမ်တွင် ချင်းလူမျိုးတို့၏ ရိုးရာဓလေ့များ၊ အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းကြောင်းများကိုလည်း လေ့လာနိုင်ပါသည်။ စော်ဘွားတစ်ဦး၏ အိမ်အခင်းအကျင်းများလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။