အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာ

Listing Description

အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာ သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၁၁၂ တွင် တည်ရှိသည်။ ယခင်က စိန့်ဂျွန်းကွန်ဗင့် (St. John's Convent School) ကျောင်းဟု လူသိများသည့်ကျောင်းသည် ရန်ကုန်ရှိ ရှေးအကျဆုံးကျောင်းတစ်ကျောင်းဖြစ်ပြီး ၁၈၆၁ တွင်စတင်တည်ထောင်ခဲ့သည်။ ဗြိတိသျှ အစိုးရလက်ထက်တွင် တည်ထောင်သော ခရစ်ယာန်သီလရှင် အမျိုးသမီးကျောင်း ဖြစ်သည်။ ၁၉၆၆ ခုနှစ်မှစ၍ ပြည်သူပိုင်သိမ်းပြီးနောက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာမြို့နယ်အဖြစ် တည်ရှိသည်။ ယခုအခါ ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။