"တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ရမယ့်ပါတီကို မဲပေးခဲ့တယ်။" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

08-Nov-2020

ဒီကနေ့မနက်က နေပြည်တော်ဇေယျာသီရိမြို့နယ်က မဲရုံမှာ အခြားတပ်မတော်ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေနဲ့အတူလာရောက် မဲပေးခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲပေးအပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ အခုလိုပြောသွားတာပါ။ သူ့အနေနဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို အလေးထားတဲ့ ပါတီ၊ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီကို မဲပေးခဲ့ကြောင်း ပြောပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လေးစားမှာဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

 

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု ကြိုတင်မဲပေး၊ ကျန်းမာရေးကောင်းမွန် တယ်လို့ ဆို

သမ္မတဟောင်း ဦးသိန်းစိန် မိသားစု ကြိုတင်မဲပေး

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကြိုတင်မဲပေး