ရူပ

Listing Description

သရုပ်ဆောင် ရူပသည် ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ ဦးသာဓုနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့၏ တတိယသားဖြစ်ပြီး စာရေးဆရာ၊ ဒါရိုက်တာ မောင်၀ဏ္ဏ ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ အဆိုတော်၊ သရုပ်ဆောင် သုမောင် တို့၏ ညီ၊ စာရေးဆရာမင်းလူ နှင့် ဒါရိုက်တာ၊ စာရေးဆရာ၊ တေးရေး အာယု တို့၏ အစ်ကိုဖြစ်သည်။

ရူပသည် ချစ်တဲ့ သူငယ်လေ ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့သည်။ ထို့နောက် ခုနှစ်စဉ်အလွမ်း၊ ရင်ထဲကဆောင်းရာသီ စသည့် ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အ.ထ.က (၁) ဒဂုံမှ ကျောင်းဆရာမ ဒေါ်ခင်ဝေဝေသက်နှင့် အိမ်ထောင်ကျခဲ့ပြီး သား ဝေဖြိုး၊ ရွှေမိုး နှင့် သမီး မျက်ခြယ် တို့ကို မွေးဖွားခဲ့သည်။ သားငယ်ဖြစ်သူ ရွှေမိုးသည် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည်။