ရတနာမဉ္ဇူဘုရား

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့မှ အနောက်မြောက်ဘက် ခုနစ်မိုင်ခန့်ကွာဝေးသော ညောင်ကန်ကျေးရွာ ရတနာမဉ္ဇူကျောင်းတိုက်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဆင်ထိန်းအမတ်ကြီး မင်းစော်တဖော်က ၎င်း၏ ငယ်ဆရာတော်ဘုရားကြီးအား ကျေးဇူးဆပ်သည့်အနေဖြင့် တည်ထားကိုးကွယ်ခဲ့သော စေတီတော်နှင့် ရုပ်ပွားတော်မြတ်ဖြစ်ပါသည်။ ညောင်ကန်ရွာ ရတနာမဉ္ဇူကျောင်းတိုက်သည် ဆရာတော်ဦးဗုဓ်၊ ပြည်ဆရာတော် စသော သာသနာတော်တွင် ထင်ရှားသည့် ဆရာတော်ကြီးများ သီတင်းသုံးနေထိုင်ခဲ့ကြဖူးသည့် ကျောင်းတိုက်လည်း ဖြစ်ပါသည်။ ရတနာမဉ္ဇူဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါခေါင်လပြည့်နေတွင် ဆွမ်းစာရေးတံမဲပွဲ နှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။