ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်းမိုင်အရှည်မှာ ၃၆၆ မိုင် ၃ ဖာလုံ ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍မမောင်းသင့်ပါ။ မိုင်တိုင်အမှတ် ၁၁၅ တွင် ယာဉ်ရပ်နားစခန်းနှင့် စားသောက်ဆိုင်များ (Feel Express၊ ရွှေကျား၊ ရွှေခရားကြီး၊MOBICORN Premium Popcorn) တည်ရှိပြီး ဖြူးမြို့သို့ ထို ၁၁၅ မိုင်လမ်းခွဲမှ သွားရောက်နိုင်ပါသည်။