ရာမောင်တံတားသစ်

Listing Description

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရန်ကုန်- စစ်တွေလမ်း၊ မူလတံတားဟောင်းဘေး ပေ ၇၀  အကွာ၌  လေးမြို့မြစ်ကို  ဖြတ်သန်းတည်ဆောက်ထားသည်။ ၂ဝ၁၈ ခုနစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အပေါ်ထည် သံကူကွန်ကရစ်ရက်မ + P.C Girder+ Steel Box Girder + သံကူကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ပြီး တံတားအောက်ထည်မှာ    သံကူကွန်ကရစ်နှင့် တံတားအောက်ခံ အုတ်မြစ်မှာ   ဘိုးပိုင်ဖောင်ဒေးရှင်း  အမျိုးအစားဖြစ်သည်။ တံတား၏ခံနိုင်ဝန်မှာ   ယာဉ်တစ်စီးချင်း  တန်  ၆၀ ဖြစ်ပြီး တံတားအရှည် စုစုပေါင်း ၁၂၈၄  ဒသမ  ၃  ပေ၊  ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊  လူသွားလမ်းတစ်ဖက်လျှင် အကျယ် ၃ ပေစီနှင့် ရေလမ်းကင်းလွတ်အကျယ် ပေ ၁၈၀ ရှိကာ အမြင့် ပေ ၂၀ ရှိသည်။ တံတားဟောင်းကိုလည်း မူလအတိုင်းထားရှိပြီး ၅ တန်အောက်ယာဉ်များကိုသာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားသည်။