တွင်းမအင်း

Listing Description

တွင်းမအင်းသည် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တွင်းထဲရွာ အနီးတည်ရှိပါသည်။ မုံရွာမြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့် ကွာဝေးသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မီးတောင်ပေါက်ကွဲမှုကြောင့် ချိုင့်ဝှမ်းကြီးဖြစ်လာကာ သဘာဝစိမ်းပြာရေညှိ (ခေါ်) စပီရူလိုင်းနားထွက်သော စိမ်းပြာရောင်အင်းကြီးဖြစ်သည်။ တွင်းထဲတွင် ရွာငယ်တစ်ခုတည်ရှိပြီး လာရောက်လည်ပတ်သူများအတွက် ဈေးဆိုင်တဲလေးများရှိပါသည်။ နာမည်ကျော်တွင်းပိုးလည်း ဝယ်ယူရရှိနိုင်ပါသည်။ အင်း၏ ဘေးပတ်ပတ်လည်တွင် အုန်းပင်များပေါက်ရောက်နေပါသည်။ အင်းထဲသို့လို့လည်း လှေဖြင့် လှည့်လည်သွားလာနိုင်ပြီး သဘာဝအလှအပများ ခံစားကြည့်ရှုရန် ခရီးသွားဧည့်သည်များ အများဆုံးလာရောက်သော သာယာလှပသည့် စိမ်းပြာရောင်အင်းကြီးတစ်ခုဖြစ်ပါသည်။