သားငယ်

Listing Description

သားငယ်ကို ၂၃ မတ် ၁၉၉၂ တွင် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင် မွေးဖွားခဲ့ပြီး ရခိုင်တိုင်းရင်းသား ဖြစ်သည်။ မြန်မာအိုင်ဒေါလ် ရာသီ ၂ မှ အနိုင်ရရှိသော အဆိုတော်တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဇော်ဝင်းထွန်းဖြစ်သည်။

ယခုလက်ရှိတွင် သားငယ်သည် ဇနီးနှင့်အတူပြင်ဦးလွင်မြို့တွင် နေထိုင်သည်။ အသက်မွေးဝမ်းကြောင်းအဖြစ် အကြော်ရောင်းသည်။ သူသည် မြန်မာအိုင်ဒေါလ်တွင် မပြိုင်မီအချိန်မှ winner ဖြစ်ပြီးသည်အထိ အကြော်သည်အဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိပြီး အနုပညာနှင့် သီချင်းဆိုသောအလုပ်ကိုလည်း လုပ်ကိုင်သည်။

မြန်မာအိုင်ဒေါလ် ဖိုင်နယ်ပွဲတွင် သားငယ်သည် "ဇာတ်တော်ထဲမှာအလွမ်းဆုံး"၊ "လမ်းခွဲ"နှင့် "လမ်းကလေး" သုံးပုဒ်ဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံး၏မဲပေးမှု ရလဒ်အရ သားငယ်သည် အနိုင်ရရှိပြီး Myanmar Idol ဒုတိယရာသီ၏ အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။

သားငယ်၏ ပွဲဦးထွက်တစ်ကိုယ်တော်အခွေကို လမ်းကလေးဟု အမည်ပေးထားကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့သည်။ အခွေတွင် တေးသီချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်သည်။