ထားဝယ် ဒီဇင်ဘာ ၁၅
တတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ယဉ်ကျေးမှုပြတိုက်ဝင်း အတွင်း၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ထားဝယ်အမျိုးသား အလံတို့ကို အလေးပြုကြပြီး ပျော်ဘွယ်ဘုန်းကြီးကျောင်းမှ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိသုန္ဒရက သြဝါဒကထာ စကားမြွက်ကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ် အမျိုးသားညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ထားဝယ် အမျိုးသားနေ့ကို သတ်မှတ်နိုင်ခဲ့ကြောင်း၊ ထားဝယ် အမျိုးသားနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် တတိယအကြိမ်တိုင် ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ယခုနှစ်တွင် အမျိုးသား နေ့ အခမ်းအနားကျင်းပမှုကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းကမ်း ချက်များနှင့်အညီ တနင်္သာရီတိုင်း ဒေသကြီးအတွင်း နေရာ ၃၀ ကျော် အထိ ဖြန့်ကြက်ကာ ပြုလုပ်နိုင်ခြင်းသည် ထားဝယ်လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ထုတ်ပြသလိုက်ခြင်းဖြစ်ကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း ယခု ထက်မကသော အခင်းအကျင်းများဖြင့် အမျိုးသားနေ့အခမ်းအနားများကို ကျင်းပနိုင်ပါစေကြောင်း ပြောကြား သည်။
ဆက်လက်၍ ထားဝယ်လူမျိုး စုစည်းမှုကော်မတီ ဦးစီးနာယက ဂုဏ်ထူးဆောင်ဥက္က ဒုတိယဗိုလ်မှူး ကြီး (ငြိမ်း) ဦးတင်မြက Video Conferencing ဖြင့် ထားဝယ် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္က ဦးတီခွန်မြတ်ထံမှ ပေးပို့လာသော သဝဏ်လွှာကို တိုင်းဒေသကြီး လွှတ်တော်ဥက္က ဦးခင်မောင်အေး ကလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော သဝဏ်လွှာကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက လည်း ကောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့လာ သော သဝဏ်လွှာကို တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစောလုကာက လည်းကောင်း၊ ထားဝယ်အသင်း(မော်လမြိုင်)မှ ပေးပို့သောသဝဏ်လွှာကို အတွင်းရေးမှူး ဦးညွှန့်ဝင်းက လည်းကောင်း၊ ထားဝယ်လူမျိုး တိုးတက်ရေးအသင်း (ထိုင်းနိုင်ငံ)မှ ပေးပို့လာသော သဝဏ်လွှာကို ဒုတိယဥက္က ဦးကျော်လွင်က လည်းကောင်း ဖတ်ကြားကြသည်။
ယင်းနောက် ထားဝယ်လူမျိုး စုစည်းမှုကော်မတီဥက္က ဦးအောင်မျိုး က ကျေးဇူးတင်စကား ပြောကြားပြီး ထားဝယ်အမျိုးသားနေ့ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်တစ်သိန်းကို ထားဝယ်လူမျိုး စုစည်းမှု ကော်မတီ နာယက ဦးအောင်မြင့်နှင့်ဇနီးတို့ကပေးအပ်ရာ နာယက ဦးထွန်းကြည်က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ထားဝယ် အမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)