စိုးလွင်လွင် (၁၉၆၂–၁၉၉၉)

Listing Description

စိုးလွင်လွင် (၁၉၆၂–၁၉၉၉) သည် ၁၉၈၀ ခုနှစ်များတွင် ထင်ပေါ်ကျော်ကြားသည့်အဆိုတော်တစ်ယောက်ဖြစ်သည်။ အဆိုတော် ကိုင်ဇာ၊ လွှမ်းမိုး၊ မောင်ဂဠုန်တို့အတွက် အောင်မြင်သော သီချင်းများကို ရေးစပ်ပေးခဲ့သည်။ ချစ်လူမိုက်၊ ငယ်သူမို့၊ အမေ၊ မောင့်မျက်ရည်ဝိုင်း၊ ကိုယ်ချင်းစာနာခဲ့ရပြီလေ၊"စိတ်ဖြေသီချင်း" စသော သီချင်းများသည် သူ၏ အောင်မြင်သည့် သီချင်းအချို့ဖြစ်သည်။ ဂီတကိုရူးသွပ်ခဲ့ပြီး စန္ဒယားတီးသင်ခြင်း၊ ဂစ်တာတီးခြင်းတို့ ပြုလုပ်ခဲ့သည်။ သီချင်းအပုဒ်ရေ သုံးရာကျော်ခန့်ရေးသားခဲ့ပြီး တစ်ယောက်တည်းအခွေ၊ အတွဲခွေ ပေါင်းတစ်ရာခန့်ထွက်ရှိခဲ့သည်။ နာမည်ကြီး အဆိုတော်ဘဝ မရောက်ခင်ကတည်းက တေးသီချင်းများရေးနေခဲ့ပြီး တေးရေးဘဝဖြင့် ကိုင်ဇာ၏အခွေတွင် ရာဇူးကမမ သီချင်းဖြင့် ပါဝင်ခွင့်ရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကိုယ်ပိုင်စီးရီး "မင်းထက်သာတဲ့လူ" အား ရန်ကြီးအောင်တေးသံသွင်းမှ ထုတ်လုပ်ဖြန့်ချိခဲ့ပြီး မအောင်မြင်ခဲ့ပါ။ ၁၉၈၅ ခုတွင်ဒုတိယခွေ "ချစ်လူမိုက်" အခွေဖြင့် မြန်မာပြည်တစ်ဝှမ်းလုံးထိအောင် အောင်မြင်ခဲ့ပြီး သူရဲကောင်းတို့ရဲ့နှလုံးသား၊ ကျွန်တော်မသိတဲ့ကျွန်တော်၊ မာနမျက်နှာ၊ မောင့်မျက်ရည်ဝိုင်း. အစရှိသော စီးရီးခွေများစွာအပါအဝင် ပြန်ဆိုတေးများ အတွဲခွေ များပါထွက်ရှိခဲ့သည်။ အဆိုတော်ပေါင်း မြောက်များစွာအတွက် တေးသီချင်းများရေးသားပေးခြင်း၊ ရုပ်ရှင်သီချင်းများ ရေးသားခြင်းများပြုလုပ်ခဲ့သည့်အပြင် ဝထ္ထုတိုများလည်းရေးသားခဲ့သည်။ အဆိုတော် စိုးလွင်လွင်အား ၈.၉.၁၉၆၂ တွင် ရန်ကင်းဒေသန္တရတွင် မွေးဖွားခဲ့ပြီး မွေးဖွားပေးခဲ့သော ဆရာဝန်နာမည်ကို အစွဲပြုကာ စိုးလွင်လွင်( ခေါ် ) ပိုပို ဟုမှည့် ခေါ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၉ ဇူလိုင် ၂၅ တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ်တွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ခဲ့သည် ။

ထွက်ရှိခဲ့သောအလ်ဘမ်များ -

  • မင်းထက်သာတဲ့သူ (၁၉၈၂)
  • ချစ်လူမိုက် (၁၉၈၄)
  • သူရဲကောင်းဒို့နှလုံသား (၁၉၈၆)
  • မောင့်မျက်ရည်ဝိုင်း (၁၉၈၈)
  • ကျွန်တော်မသိတဲ့ကျွန်တော် (၁၉၈၉)
  • မာနမျက်နှာ (၁၉၈၉)
  • မြင်းရိုင်းတစ်ကောင် (၁၉၉၀)
  • ဆယ်လ်မွန်ငါးတို့အပြန်
  • မန္တလာမှာဝေတဲ့နှင်း
  • လူဆိုးတွေနဲ့မောင်တိုင်ပင်
  • သံယောဇဉ်မြစ်တစ်စင်း
  • သံစဉ်သစ်
  • ကာရန်သစ်
  • လက်ဆောင်သစ်
  • ဝတ်မှုန်နဲ့ ဘဝဆက်တိုင်းအတူ
  • အိပ်မက်ခါးတွေစားတဲ့ည
  • ကျွန်တော်တစ်ယောက်တည်းလမ်းပေါ်မှာ
  • နန်းလေး
  • ဒီရေထဲကပန်းပွင့်များ
  • မက်ခွင့်
  • လင်းနို့လူသား
  • ရေခင်းသဘင်
  • တူနှစ်ကိုယ်တိုင်းပြည်သို့
  • မမေ့တတ်သူ
  • ဂန္ထဝင်မြောက်လေးညှိ့သံ
  • ပထမဦးဆုံးသီချင်း