စာရေးဆရာကြီး အဏ္ဏဝါစိုးမိုး ကွယ်လွန်

Listing Description

ပင်လယ်ပြင်က သင်္ဘောသားတို့ အကြောင်း ရေးဖွဲ့တဲ့ စာရေးဆရာကြီး အဏ္ဏဝါစိုးမိုး (အသက် ၈၀ နှစ်) ဟာ ယနေ့၊ သြဂုတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီ အချိန်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဆရာကြီး အဏ္ဏဝါစိုးမိုးသည် ရခိုင်ပြည်နယ် ၊ဂွ မြို့နယ်၊ကျိန္တလီရွာ ဇာတိဖြစ်ပြီး ကိုယ်တိုင်လည်း သင်္ဘောသားတစ်ဦးဖြစ်ကာ နိုင်ငံတကာတွင် သင်္ဘောတို့၏ ကြုံတွေ့ခဲ့ရသည့်  အဖြစ်အပျက်များကို  ဝတ္ထုတိုများ၊ သရော်စာများ၊ ဘာသာပြန်စာအုပ်များ များစွာ ရေးသားခဲ့သည်။

 ဆရာကြီး၏ လက်ရာများတွင် '' သတင်းစာအဟောင်းနှင့်မီးချောင်းအကျွမ်း (၁၉၈၀) သည် ပထမဆုံးလက်ရာဖြစ်ပြီး   "အဏ္ဏဝါခရီးသည်၊ ပင်လယ်ပျော်ကြီး၊ သင်္ဘောသား၏ ဂန္ထဝင်ကလဲ့စား၊ သင်္ဘောသားလောက၏ မှုခင်းများ၊ အိုပယ်ကြီး၏ နောက်ဆုံးနေ့များ'' စသည့် စာအုပ်များအပြင် သရော်စာများသည်လည်း ထင်ရှားခဲ့သည်။

ဆရာကြီးအဏ္ဏဝါစိုးမိုးသည် ကွယ်လွန် ချိန်တွင် အသက် ၈၁နှစ်ရှိပြီ ဖြစ်သည်။