နည်းပညာတက္ကသိုလ်(မှော်ဘီ)

Listing Description

နည်းပညာတက္ကသိုလ်(မှော်ဘီ)သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ၇၈.၀၄ ဧက ကျယ်ဝန်းသည်။ စက်မှုအထက်တန်းကျောင်း (Technical High School) T.H.S အဖြစ် ၁၉၈၉ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (Government Institute of Technology) G.T.I အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် အစိုးရနည်းပညာကောလိပ် (Government Technological College) G.T.C အဖြစ်၊ ဆက်လက်၍ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (မှော်ဘီ) (Technological University (Hmawbi)) အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့ပါသည်။