မို့မို့မြင့်အောင်

Listing Description

မို့မို့မြင့်အောင်သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ငါးဆုရ အမျိုးသမီး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဦးမြင့်အောင်၊ ဒေါ်သန်းရင်တို့မှ ၁၉၆၀ ပြည့်၊ မေလ ၂၅ ရက်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၌ မွေးသည်။ မွေးချင်း ၅ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မြင့်မြင့်ခိုင် ဖြစ်ပြီး ငယ်မည်မှာ မွှေးမွှေး ဖြစ်သည်။ အထက (၁) တာမွေ ၌ ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်းကို အကြိမ်ကြိမ်ဖြေဆိုသော်လည်း အနုပညာနယ်၌ အချိန်ကုန်လိုသောစိတ်ကြောင့် မအောင်မြင်ခဲ့ပေ။

၁၉၇၉ ခုနှစ်ထွက် ကျော်ဟိန်းနှင့်တွဲရိုက်သည့် မွန်းတည့်ချိန်တွင် နေဝင်သည် ဇာတ်ကားနှင့် နာမည်ရလာသည်။ ၁၉၈၄ ခုနှစ် အကယ်ဒမီရပြီးနောက် ထိပ်တန်းစာရင်းဝင် ဖြစ်သွားသည်။

အကယ်ဒမီဆုရဇာတ်ကားများ

နှလုံးသားမြို့တော်     (အမျိုးသမီးဇာတ်ပို့ဆု ၁၉၈၄ )

ခပ်စိမ်းစိမ်း နေပါ့မယ် (အမျိုးသမီးဇာတ်ဆောင်ဆု ၁၉၈၉)

သမီးနဲ့ အမေများ        (၁၉၉၁ အမျိုးသမီးဇာတ်ဆောင်ဆု ၁၉၉၁)

မသုဓမ္မစာရီ               (အမျိုးသမီးဇာတ်ဆောင်ဆု ၁၉၉၄)

မြင့်မိုရ်ထက်က သရဖူ   (အမျိုးသမီးဇာတ်ဆောင်ဆု၂၀၀၈)