မင်းတပ်-မတူပီလမ်းမှ လေးမြို့တံတား ဖွင့်လှစ်ပြီးစီး

Listing Description

ဟားခါး နိုဝင်ဘာ ၁၇

ချင်းပြည်နယ်(တောင်ပိုင်း) မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားစီမံကိန်းအထူးအဖွဲ့ (၁)က လေးမြို့တံတားကို တာဝန်ယူတည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။

လေးမြို့တံတားမှာ အလျား ပေ ၂၄၀ ရှိပြီး RC Girder and RC Girder Slab သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သည်။

အဆိုပါလေးမြို့တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားစီမံကိန်းအထူးအဖွဲ့ (၁) မှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင် တည်ဆောက်ခဲ့ပြီး ဧပြီ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ စီမံကိန်းတန်ဖိုးမှာ ငွေကျပ် ၉၉၇ သန်းဖြစ်ကြောင်း သိရသည်။

လေးမြို့တံတားသည် မင်းတပ်-မတူပီလမ်းပေါ်တွင် တည်ရှိသောကြောင့် ချင်းပြည်နယ်(တောင်ပိုင်း)အတွက် အထူးအရေးပါသော တံတားတစ်စင်း ဖြစ်သည်။

ခရမ်းစိုးမြင့်